တာချီလိတ်မြို့၌ ရုံးစာရေးသားနည်းသင်တန်းဖွင့်ပွဲ ကျင်းပ

တာချီလိတ် မေ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ရုံးစာရေးသားနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာချီလိတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးမှ ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ပေါက်မြောက်အောင်မြင်စေရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဦးချင်းလုပ်ငန်းများ စွမ်းဆောင်ရည်တိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာချီလိတ်ခရိုင်ရုံး၊ မိုင်းယောင်းမြို့နယ်ရုံး၊ မိုင်းဖြတ်မြို့နယ်ရုံး၊ တာလေမြို့ရုံး၊ ကျိုင်းလပ်မြို့ရုံးနှင့် မိုင်းယုမြို့ရုံးတို့မှ ဝန်ထမ်း ၂၀ ဦး တက်ရောက်ပြီး မေလ ၆ ရက်မှ ၈ ရက်အထိ ၃ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးလတ်