မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား တက်ရောက်

မော်လမြိုင်   မေ  

၂၀၂၄ခုနှစ်၊ မေလ ၅ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားမိဘပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်အမျိုးမျိုးမှ  ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် (၇၈)နှစ်မြောက်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့နေ့တွင် မွန်ပြည်နယ်အတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်အားလုံးအား အထူးပင်ဂုဏ်ပြုပါကြောင်း၊ ​နှစ်စဉ် သဘာဝ​ဘေးအန္တရာယ်များနှင့်  မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာများ စိမ့်ဝင်ပျံ့နှံ့နေအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ မွန်ပြည်နယ်မီးတပ်တပ်ဖွဲ့ဝင်များအ​နေဖြင့် မြန်မာနိုင်ငမီးသတ်တပ်ဖွဲ့၏ သမိုင်းအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းကြရန်၊ ပြည်သူတို့ အသက်အိုးအိမ်စည်းစိမ်များအပေါ် ကျရောက်လာနိုင်သည့်  ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်မဆိုင်းဘဲ ကာကွယ်ဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံ​တော်အကျိုး၊ ပြည်နယ်အကျိုးကို ကျရာအခန်းကဏ္ဍကမှ စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလို​ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့မှတ်တမ်း Video Click ပြသခဲ့မှုအပေါ်  ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသော မီးသတ်တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ခန်းမအတွင်းခင်းကျင်းပြသထားသော မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်း​ဆောင်ရည် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများ၊ မီးငြှိမ်းသတ်ရေးပစ္စည်း ကိရိယာနှင့် ရှာဖွေကယ်ဆယ်ရေး ဆိုင်ရာပစ္စည်းကိရိယာများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

 

စည်သူ(ပြန်/ဆက်)