လားရှိုး မေ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လားရှိုးခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးကျော်သူရက (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် လားရှိုးခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင်နှင့်် တာဝန်ရှိသူတို့က ရာထူးတိုးရရှိသူ မီးသတ်ဝန်ထမ်းသုံးဦးကို ရာထူးအဆင့်တံဆိပ်များ တပ်ဆင်ပေးပြီး အငြိမ်းစားမီးသတ်ဝန်ထမ်းဟောင်းများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)