ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် ခရိုင်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ခရိုင်ကိုယ်စားပြုအားကစားသမားများကို အောင်နိုင်ရေးအလံပေးအပ်

နမ့်စန်() မေ ၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံအသက်(၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်ကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက နမ့်စန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အသင်းအုပ်ချုပ်သူ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက တာဝန်ရှိသူများကို ပြည်နယ်အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ရောက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ယခု ပြည်နယ်အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် စည်းကမ်းရှိစွာဖြင့် ပြိုင်ပွဲဝင်စေလိုကြောင်း၊ ယခုပြိုင်ပွဲတွင်အောင်မြင်မှုရလဒ်ကောင်းများရရှိမည်ဟု မျှော်မှန်းထားပါကြောင်း၊ အားကစားသမားများအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေးဂရုစိုက်နေထိုင်ကြရန်နှင့် ခရိုင်အတွက် အစွမ်းကုန်ကြိုးစားကြရန်ပြောကြားခဲ့ပြီး ခရိုင်ကိုယ်စားပြု ဘောလုံးအသင်း တာဝန်ရှိသူများထံသို့ အသင်းအောင်နိုင်ရေးအလံပေးအပ်၍ အလှူရှင်များက လှူဒါန်းသောထောက်ပံ့ငွေ စုစုပေါင်းကျပ်သိန်း(၅၀)ကို ပေးအပ်ခဲ့သည်။

အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ အသက်(၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မေလ ၁၀ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး နမ့်စန်ခရိုင်မှ အသင်းအုပ်ချုပ်သူ(၁)ဦး၊ အသင်းနည်းပြ(၂)ဦးနှင့် အားကစားသမား(၂၁)ဦး စုစုပေါင်း(၂၄)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)