တံတားဦးမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး(၁၁၅)ဧက အောင်မြင်ဖြစ်ထွန်း

တံတားဦး မေ ၅

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မီးသွေးတိုက်ကျေးရွာတွင် နွေစပါးမြစ်ရေတင်(၂၅)ဧကနှင့် ရာသီအရစိုက်ပျိုးချိန် မုရင်းစပါး(၉၀)ဧက အောင်မြင်ဖြစ်ထွန်းကြောင်းသိရသည်။

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် တံတားဦးမြို့နယ်တွင် နွေစပါးစိုက်ပျိုးနိုင်ရန် အမြဲကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယခုနှစ်ဇန်နဝါရီလမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်အထိ ရာနှုန်းပြည့်အောင်မြင်စွာ စိုက်ပျိုးနိုင်ပါကြောင်း၊ မုရင်းစပါးကို ဇန်နဝါရီလတွင် စိုက်ပျိုးရပါကြောင်း၊ မိုးကြိုစပါးကို ဧပြီလတွင် စိုက်ပျိုးရပါကြောင်း၊ မိုးစပါးကို ဇူလိုင်မှစတင်ပြီး စိုက်ပျိုးရပါကြောင်း၊ နွေစပါးစိုက်တောင်သူများအား မြို့နယ္စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးခြင်း၊ ပိုးမွှားကျရောက်မှု ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ သီးနှံများလေလွင့်ပျက်ဆီးဆုံးရှုံးမှုမရှိရေး၊ ရိတ်သိမ်းပြီးစပါးများ အမိုးအကာကောက်တွင် အချိန်မီရောက်ရှိရေး၊ စသည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကနေဒီထွန်း ထံမှသိရသည်။

တောင်သူများအနေဖြင့် မိုးစပါးနှင့် မိုးသီးနှံများရိတ်သိမ်းအပြီး နွေစပါးနှင့်အခြားသီးနှံများ အချိန်မီစိုက်ပျိုးနိုင်‌ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီဂဌာနမှ ထုတ်ပြန်ထားသော သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ မြေဆီလွှာအာဟာရပြည့်ဝရေးဆိုင်ရာ လုပ်ငန်းများနှင့် အထွက်နှုန်းမြင့်မားပြီး အရည်သွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းထားရှိရေး ဆိုင်ရာလုပ်ငန်းများကို မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကြိုတင်ပြင်ဆင်ထားရန် အသိပေးနှိုးဆော်ထားကြောင်းလည်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)