မြစ်သား မေ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကင်းစိန်စျေးကျေးရွာအတွင်းရှိ ကွင်းအမှတ်(၄၈၆)၌ တစ်ပိုင်တစ်နိုင် ရေမွှေးပန်းများစိုက်ပျိုးရာတွင် မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ် ကင်းစိန်စျေးကျေးရွာမှ တောင်သူများအနေဖြင့် မြေအောက်ရေ/ဆည်ရေတို့ဖြင့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိပြီး ယခုအခါ ရေမွှေးပန်းများ စိုက်ပျိုးမည်ဆိုလျှင် ထယ်ရေးကို ညက်နေအောင်ထွန်ယက်ပြီး ဘောင်များပြုလုပ်ကာ ပျိုးပင်များကို တစ်ဘောင်လျှင် (၇၀၀၀ိ/- )ကျပ် ပေးဝယ်ယူကာ တောင်မြောက်ကြိုးတန်းပြီး တစ်ပင်နှင့် တစ်ပင်(၁)ပေခြားအကွာ စိုက်ပျိုးကြသည်။
ထိုသို့ စိုက်ပျိုးချိန်တွင် ရေသွင်းထားရှိရပြီး နောက်(၁၅)ရက်ကြာလျှင် ရေလျှော့ကာပေါင်းသင်၍ မြေဆီမြေသြဇာကိုလည်း အပြင်ကဝယ်ယူစရာမလိုပဲ မိမိတို့အိမ်အတွင်းရှိ မွေးမြူထားသည့် နွားချေး၊ မကျီးရွက်မြေဆွေးများဖြင့် ရောစပ်စိုက်ပျိုးကြကြောင်း၊ ရက်(၂၀)ခန့်ကြာသောအခါ အဖူးအပွင့်ကလေးတွေဝေလာသည့်အချိန်တွင် မြစ်သားမြို့ မြို့မစျေးအတွင်းရှိ ပန်းများရောင်းချလျက်ရှိသော ဖောက်သယ်များက ချိုးယူရောင်းချကာ အပင်တစ်ခက်လျှင် (၂၅)ကျပ်ဖြစ်ပြီး အပင်ရေ(၁၂၀၀)ခက် ရောင်းချရပြီ ပုံမှန်ဝင်ငွေ(၃၀၀၀၀ိ/-) ကျပ်ရရှိကြောင်း သိရသည်။
စိုက်ပျိုးမြေ၌ (၂)ယောက်စိုက်လျှင် တစ်လပေါင်းသင်ခ (၈၅၀၀၀ိ/-)ကျပ်၊ ရေတင်ခ(၄၀၀၀၀ိ/-)ကျပ် ပေးရပြီးတစ်ကြိမ် စိုက်ပျိုးထားလျှင်(၂)နှစ်ခန့် ချိုးယူရောင်းချနိုင်၍ မိသားစုပုံမှန်ဝင်ငွေရရှိကြောင်း ကင်းစိန်စျေးကျေးရွာနေ ရေမွှေးပန်းစိုက်ပျိုးသော ဒေသခံတောင်သူ ဦးမြင့်ဆွေထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)