(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ရေသန့်ဘူးများ လှူဒါန်း

မုဒုံ မေ ၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ်  သောက်ရေသန့်ဘူးများ ဝေငှခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက  ကန်ကြီးစေတီတော်ရှေ့ လူစည်ကားရာမီးပွိုင့်၌ ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေး ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက လမ်းသွားလမ်းလာ ပြည်သူများထံသို့ “ပြည်သူအပေါင်း မီးဘေးနှင့်သဘာဝဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ”၊ “ မီးသတ်ဦးစီးဌာနသို့ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ် 191 အား သိရှိစေရန်ပြောကြားခဲ့ပြီး  ရေသန့်ဘူး အလုံးရေ ၃၅၀ ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)