တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာသည့် လူရည်ချွန် ၆ ဦးအား ကြိုဆိုဂုဏ်ပြု

တန့်ယန်း မေ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ချောင်းသာ၊ ငွေဆောင်၊ တောင်ကြီး၊ ပုဂံစသည့် လူရည်ချွန်စခန်းအသီးသီးမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ မိဘများက အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့များနှင့် ယနေ့နံနက် ၁၀ နာရီက မြို့ဝင်မုခ်ဦး၌ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ကြိုဆိုဂုဏ်ပြုပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ လူမှူရေးအသင်းများ၊ မိဘများနှင့် ကျောင်းသား/ကျောင်းသူများက အကယ်ဒမီကိုယ်ပိုင်ကျောင်းမှ နှစ်ထပ်ကွမ်း လူရည်ချွန်နန်းလူနှင့် မောင်အိုက်ကတ်ပလိတ်၊ မောင်ပြည့်စုံထွန်း အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ မောင်သိန်းကျော်ထွေး၊ မဇင်လတ်နွယ်၊ မန်ဇခိုင် စသည့်  ၂၀၂၄-ခုနှစ် လူရည်ချွန်များအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)