ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား Online မှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၈၀၀)ကြိမ် ရှိလာ

ညောင်ဦး မေ ၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများ များပြားလာလျက်ရှိရာ ဆင်စာဘူဖေးကျွေးမှု (၈၀၀)ကြိမ် ရှိလာပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက Online မှတဆင့် ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆင်စာဘူဖေးကျွေးသူ များပြားလာကာ (၈၀၀)ကြိမ်ထိ ဆင်စာဘူဖေးကျွးမှု များပြားလာပြီး နောက်ထပ်ကျွေးမွေးဖို့ Online မှလည်း ကြိုတင်ချိတ်ဆက်မှုများလည်းရှိနေသေးကြောင်း ဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။

မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိ ဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိကကျွေးကြကာ ရာသီပေါ်သီနှံများအား ကျွေးမွေးကြပြီး ဆင်စာဘူဖေးတစ်ခါကျွေးလျှင် ငါးသောင်းကျပ်မှတစ်သိန်း ကျပ်ထိ လှူဒါန်းနိုင်ပြီး တနေ့စာဆင်ခြောက်ကောင်အတွက် တစ်သိန်းကျပ် လှူဒါန်းနိုင်ကြောင်း သိရသည်။

ပလင်းကမ်းသာယာဆင်စခန်းဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်း Page များမှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်းကမ်းသာယာ ဆင်းစခန်းတာဝန်ခံ လက်ထောက်မန်နေဂျာဖုံး (၀၉-၇၉၃၈၂၀၅၃၂) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြာင်း ဆင်စာဘူဖေးကျွးမှု (၈၀၀)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း မြို့ပြအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့်ဆင်စခန်းများ ဆင်စာခက်ခဲလျက်ရှိကာ တောတောင်ရေမြေသဘာဝ အခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိ ဆင်များအတွက် အစာရေစာမခက်ခဲကြောင်းလည်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း