တိုက်ကြီးမြို့နယ်၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း ဖွင့်လှစ်

တိုက်ကြီး မေ ၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း (၁/ ၂၀၂၄)ကို ယမန်နေ့ နံနက် ၁၀ နာရီက သနပ်ချောင်းကျေးရွာအုပ်စု ဘုရားငါးဆူသာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမောင်မောင်လတ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာခြည်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမောင်မောင်လတ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်သည်။ အဆိုပါသင်တန်းကို သင်တန်းသား ၂၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ၁၅ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)