မလှိုင် မေ ၃
မလှိုင်မြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်အတွက် ယစ်မျိုးအစီအစဉ်အရခွင့်ပြုခဲ့သည့် CFL-1 ယစ်မျိုး လိုင်စင်လေလံရောင်းချပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇေယျာအောင်သံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ CFL-1 ယစ်မျိုးလိုင်စင် လေလံရောင်းချပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က လေလံပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မိမိတို့မြို့နယ်အတွင်း၌ CFL-1 ယစ်မျိုး လိုင်စင်နှင့်ပတ်သက်၍ မကျီးပင်ပုကျေးရွာ၊ နတ်စဉ်ကုန်း၊ ညောင်အုပ်၊ ကံကြီး ကျေးရွာဟူ၍ (၄)နေရာ ရှိပါကြောင်း အဆိုပါ(၄)နေရာကို တက်ရောက်လာသူများထဲမှ လေလံစျေး အမြင့်ဆုံး ဆွဲဝယ်နိုင်သူကို ကော်လိတ္တော်အရာရှိ၏ ခွင့်ပြုချက်ဖြင့်ချထားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လေလံရောင်းချပွဲကို ဆက်လက်ကျင်းပပေးခဲ့သည်။
အဆိုပါ လေလံပွဲတွင် မကျီးပင်ပုကျေးရွာအတွက် အမြင့်ဆုံးလေလံစျေး(၂၉၇၀၀၀)ကျပ်ဖြင့် ဦးမင်းဇော်ဦးကလည်းကောင်း၊ နတ်စဉ်ကုန်းကျေးရွာအတွက် (၂၉၇၀၀၀)ကျပ်ဖြင့် ကံရွာမှ ဦးသန်းအောင်ကလည်းကောင်း၊ ညောင်အုပ်ကျေးရွာအတွက်(၂၇၅၀၀၀)ကျပ်ဖြင့် ညောင်အုပ်ကျေးရွာမှ ဦးသန်းအောင်ကလည်းကောင်း၊ ကံကြီးကျေးရွာအတွက် (၄၁၈၀၀၀)ကျပ်ဖြင့် ဦးဝင်းမော်မှ လည်းကောင်း လေလံဆွဲဝယ်ရရှိသွားကြောင်း သိရသည်။
မလှိုင်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်အတွက် ယစ်မျိုးအစီအစဉ်အရ ခွင့်ပြုခဲ့သည့် ယစ်မျိုးလိုင်စင် အရေအတွက်မှာ CFL-1 (၄)ဆိုင်၊ CS-2A (၃၀)ဆိုင်၊ FL-9 (၂၁)ဆိုင်၊ FL-12 (၁၁) ဆိုင်၊ FL-17 (၁)ဆိုင်၊ စုစုပေါင်း(၆၇)ဆိုင်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)