တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

တံတားဦး မေ  ၃

တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ (၁)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလ်းက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိသားစုအတွက် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် မိမိတို့၏ ဌာနလုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် မီးဖိုချောင်သုံးထောက်ပံ့ပစ္စည်းများကို တာဝန်ရှိသူများနှင့် ထောက်ပံ့ပေးအပ်သည်။

တံတားဦခရိုင် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၅၀)ဦးအတွက် တစ်ဦးလျှင်(၁)ဦးလျှင် ကြက်သွန်နီ(၂)ပိဿာ၊ ဆီ(၁)ပိဿာ၊ ခနောကြက်သားမှုန့်အထုပ်ကြီး(၁)ထုပ်၊ ကြက်ဥ(၂၀)လုံး၊ ပဲဆန် (၄)ဘူး၊ အိုင်အိုဒင်းဆား(၂၅)ကျပ်သားတို့ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)