လှည်းကူး မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နန်းထက်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့် တာဝန်ရှိသူများတို့က ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် စစ်တန်းကျေးရွာရှိ ရေကန်အနက်နှိုက်ခြင်း လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်သော စစ်တန်းကျေးရွာ ရေကန်အနက်နှိုက်ခြင်း (အလျား ၁၂၀ပေ၊ အနံ ၁၀၀ပေ၊ အနက် ၄ပေ) ဆောင်ရွက်နေသည့် လုပ်ငန်းအား သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)