ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွေ့လျားစာကြည့်တိုက်မှ စာအုပ်စာစောင်များ ငှားရမ်းပေး

ရန်ကုန် မေ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာန(ဝန်ထမ်းအိမ်ရာ)သို့ သွားရောက်ငှားရမ်းပေးသည်။

ထိုသို့ စာအုပ်များ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးရှိ ဝန်ထမ်းများက ဗဟုသုတရရှိစေမည့် သုတ၊ရသ စာအုပ်များ ငှားရမ်းပေးပြီး၊ ယခင်ငှားရမ်းထားသည့် စာအုပ်များအား ပြန်လည်သိမ်းဆည်း စာရင်းသွင်းခြင်းနှင့် အသစ်ပြန်လည် ငှားရမ်းပေးသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးသည် မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အပတ်စဉ် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)