(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ မေ

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို မေလ(၂)ရက် နံနက် (၇)နာရီမှ စတင်ကာ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ ၂၉×၈၁ လမ်းထောင့်ရှိ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး(ဗဟိုမီးသတ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

စုပေါင်းသွေးလှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အစိုးရအဖွဲ့ဝင်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်း၊ ရောဂါဗေဒဌာန၊ ပါမောက္ခ/ဌာနမှူးပါမောက္ခ ဒေါက်တာနီလာဝင်း၊ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးမှူးများ၊ မန္တလေးမြို့ အရန်မီးသတ်ကြီးကြပ်ကော်မတီဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သစ်သစ်လှိုင်နှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း၊ အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့မှ သွေးလှူရှင်မီးသတ်တပ်ဖွဲ့ဝင်များအား သွေးလှူဘဏ်ဝန်ထမ်းများမှ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်၍ သွေးဖောက်ရယူနေမှုအား လိုက်လံကြည့်ရှုအားပေး၍ သွေးလှူရှင်များကို သံဓာတ်အားဆေးနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။ 

အဆိုပါ (၇၈)နှစ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားတွင် မန္တလေး(၇)မြို့နယ်ရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား ကျား (၁၂၅)ဦး၊ မ(၆)ဦး၊ စုစုပေါင်း (၁၃၁) ဦးတို့မှ သွေးများလှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်