ဝမ်းတွင်း မေ ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၇)နာရီက သမိုင်းဝင်မြတ်ညီနောင်စေတီတော်တွင် ရေသပ္ပာယ်ကုသိုလ်ယူခဲ့ကြသည်။
အဆိုပါ (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမိုင်းဝင်မြတ်ညီနောင်စေတီတော်တွင် ရေသပ္ပာယ်ကုသိုလ်ယူခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ခဲ့ကြပြီး စေတီတော်အား ရေသပ္ပာယ်ခြင်း ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တက်ရောက်အားပေးခဲ့ကြသည်။
ဌေးလှိုင် (ပြန်/ဆက်)