စဉ့်ကိုင် မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်များ တာ၀န်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိမ်းမြမြမော်က စီမံကိန်းတာ၀န်ပေးအပ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တာရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်းတာ၀န်များကို မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၀င်များနှင့် တာ၀န်ရှိသူများက သက်ဆိုင်ရာ တာ၀န်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လုပ်ငန်း(၂၉)ခု တိုင်းဒေသကြီးရန်ပုံငွေဖြင့်(၇၂)ခုတို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဒေသန္တာရစီမံကိန်းရည်မှန်းချက်များတာ၀န်ပေးအပ်ပွဲသို့ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)