လားရှိုး မေ ၃
ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၄)၊ ပန်းအလှပြင် ပန်းအလှဆင်သင်တန်း (၁/၂၀၂၄) နှင့် အခမ်းအနားမှူးသင်တန်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန (လားရှိုး) ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန Community Centre Lashio ၌ ဖွင့်လှစ်သည့် ပန်းအလှပြင်၊ ပန်းအလှဆင် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သို့ သင်တန်းသား၊သင်တန်းသူ (၄၅) ဦး၊ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သို့ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး၊ အခမ်းအနားမှူးသင်တန်းသို့ သင်တန်းသူ (၃၂) ဦးတက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်