မိုးညှင်း မေ ၃
ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများ၊ လူငယ် လူရွယ်များ အား အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်အတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကာလတိုသင်တန်းများကို ဖွင့်လှစ်ပို့ချပေးခြင်း၊ နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် အသက် မွေးပညာရပ်လုပ်ငန်းရှင်များ ပေါ်ပေါက်လာပြီး မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးနေခြင်းနှင့် ပတ်သက် ၍ မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်း ထားပါသည်။
မေး။ ဆရာမ အမည်၊ ရာထူးနှင့် ဌာနအမည်ကိုပြောပြပါဦး။
ဖြေ။ ကျွန်မကတော့ မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့် (ဦးစီးအရာရှိ) ဖြစ်ပါတယ်ရှင့်။
မေး။ ဆရာမတို့ ဌာန၏ မျှော်မှန်းချက်၊ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ပြောပြပါဦး။
ဖြေ။ ကျွန်မတို့ ဌာနအနေနဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟူသော မျှော်မှန်းချက်နှင့်အညီ ဌာန၏ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နေခြင်း၊ နည်းပညာရပ်များ ပံ့ပိုးပေးခြင်း၊ အသက်မွေး ပညာလုပ်ငန်းရှင်များ ပေါ်ပေါက်လာပြီး မိသားစုဝင်ငွေများ တိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့်။
မေး။ ယခင်ဘဏ္ဍာရေးနှစ်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတိုသင်တန်း ဘယ်နှစ်ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပါသလဲ။
ဖြေ။ ကျွန်မတို့ ခရိုင်ရုံးအနေဖြင့် ယခင်ဘဏ္ဍာရေးနှစ်ကဆိုရင် အသက်မွေးဝမ်းကျောင်း အထောက် အကူပြုကာလတိုသင်တန်း (၆)ကြိမ်နှင့် စီမံကိန်းသင်တန်း နှစ်ကြိမ် စုစုပေါင်းသင်တန်း (၈)ကြိမ်ကို မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်ရှင့်။
မေး။ ယခုဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတိုသင်တန်းများ ဘယ်နှစ်ကြိမ် ဖွင့်လှစ်သွားဖို့ရှိပါသလဲ။
ဖြေ။ ယခုဘဏ္ဍာရေးနှစ်မှာဆိုရင် အသက်မွေးဝမ်ကျောင်း အထောက်အကူပြု ကာလတို သင်တန်းများအနေဖြင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း သုံးကြိမ်၊ တန်ဖိုးမြှင့် စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း လေးကြိမ်၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း ပညာသင်တန်း တစ်ကြိမ် စုစုပေါင်း (၈)ကြိမ်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင် ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းသင်တန်းဖြစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းတစ်ကြိမ်နှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း နှစ်ကြိမ် စုစုပေါင်းစီမံကိန်းသင်တန်း သုံးကြိမ်ဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်တွင် သင်တန်းများ အားလုံးစုစုပေါင်း (၁၁)ကြိမ်ကို မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့မှ ကျေးရွာနှင့် ရပ်ကွက်များတွင် အလျဉ်အမြန် အကောင်းအထည်ဖော် ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်ရှင့်။
မေး။ ယခုလို ကာလတိုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးကိုလည်း ပြောပြပါဦး။
ဖြေ။ ယခုလို ကျွန်မတို့ဌာနအနေဖြင့် ကာလတိုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းနှင့် နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ဒေသခံပြည်သူများအား အသေးစားလုပ်ငန်းရှင်များဖြစ်ထွန်းလာပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိကြကာ မိသားစုဝင်ငွေများ တိုးပွားလာမည်ဖြစ်သည့်အတွက် များစွာအကျိုးပြုမည် ဖြစ်ပါတယ်ရှင့်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၏ မျှော်မှန်းချက်နှင့်အညီ အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရေးကို ဆောင်ရွက် ပေးခြင်းအားဖြင့် ကျေးရွာဒေသများတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ပြီး ပြည်သူများ ဝင်ငွေတိုးပွားလာကာ ကျေးရွာများဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံမေးမြန်းသူ- ရွှေမိုးညှင်း