မိုင်းဖြတ်မြို့နယ်၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ လိုင်စင်စည်းကမ်းချက်များဖြင့် လိုက်နာ​ဆောင်ရွက်​ရေး ကွင်းဆင်းစစ်​ဆေး

မိုင်းဖြတ် မေ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရောင်းချခဲ့သည့် အရပ်ရပ်အခွင်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား လိုင်စင်စည်းကမ်းချက်များဖြင့် လိုက်နာ​ဆောင်ရွက်​ခြင်းရှိ/မရှိ ကွင်းဆင်းစစ်​ဆေးခြင်း  ယနေ့နံနက်ပိုင်းက လုပ်ငန်း​ဆောင်ရွက်သည့် နေရာများသို့ ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်း သိရသည်။

ထိုသို့စစ်​ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် တာဝန်ရှိသူများက မြို့ဝင်ဘီးခွန်ဂိတ် (၁) သက်တမ်းတိုး၊ စက်ဘီး၊ ဆိုင်ကယ်အပ်နှံဂိတ်၊ လမ်းဘေးဈေးကောက်၊ ကျွဲနွားပွဲဈေးကောက်၊ သားသတ်လုပ်ငန်း၊ မြို့မဝက်သားသတ်၊ ဟိုနားဝက်သားသတ်လုပ်ငန်း၊ ဝမ်ပုံဝက်သားသတ်လုပ်ငန်း၊ မြို့မအမဲသားသတ်စသည့် လုပ်ငန်းများကို ကွင်းဆင်းစစ်​ဆေးခဲ့ရာ လိုင်စင်စည်းကမ်းချက်များနှင့်အညီ လိုက်နာ​ဆောက်ရွက်​ရေးတို့ကို ရှင်းလင်း​ပြောကြားခဲ့​သည်။

မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် အရပ်ရပ်အခွင့်အရေးလုပ်ငန်းများအနက် မြို့ဝင်ဘီးခွန်ကောက်(၁) သက်တမ်းတိုး၊ မြို့ဝင်ဘီးခွန်ကောက် (၂)၊ အပေါင်ဆိုင်၊ စက်ဘီး၊ ဆိုင်ကယ်အပ်နှံဂိတ်၊ မြို့မဈေးကောက်၊ မြို့မဝက်သားသတ်၊ ဟိုနားဝက်သားသတ်လုပ်ငန်း၊ ဝမ်ပုံဝက်သားသတ်လုပ်ငန်း၊ မြို့မ အမဲသားသတ်လုပ်ငန်းများကို ​ရောင်းချခဲ့​ကြောင်း  အမှု​ဆောင်အရာရှိ ဦး​ကျော်နိုင်ထံက သိရသည်။

​သန်းထွန်း​အေး(ပြန်/ဆက်)