သန်လျင်မြို့နယ်စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ

သန်လျင် မေ ၂

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အမျိုးသားစီမံကိန်းဥပဒေ၊ တိုင်းဒေသကြီးဒေသန္တရစီမံကိန်းဥပဒေတို့ဖြင့်ပြဌာန်းပြီး ဒေသန္တရဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းတွင်ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စီမံကိန်းဥပဒေများအရ လျာထားသတ်မှတ်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။ ထို့နောက် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်မမက စီမံကိန်းရည်မှန်းဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်က ဌာနဆိုင်ရာများအား စီမံကိန်းတာဝန်ပေးအပ်လွှာများပေးအပ်လိုက်ကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်ပြန်ဆက်)