နေပြည်တော် မေ ၂
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ ခရိုင်အဆင့်ပြိုင်ပွဲတွင် မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှရှောင်ရှားကြ၊ မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး၊ မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန်မျိုးဗီဇ၊ ဉာဏ်ရည်လည်းရှုံး လူညွန့်တုံးစည်းလုံးတိုက်ပစ် ထိုမူးယစ်၊ လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူကူညီစို့၊ မူးယစ်ကင်းကွာပပျောက်ဖို့ လူကြီးလူငယ်လက်တွဲစို့(Photo Essay) ယှဉ်ပြိုင်ရန်အတွက်သာ၊ ခွဲခြားနှိမ့်ချကင်းစင်ဝေးကာကွယ်ရေးကို အလေးပေးလူသားအားလုံးကျန်းမာရေး People First ,stop stigma and discrimination, Strenthenprevention စသည့်ခေါင်းစဉ်များဖြင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲများကို ဥတ္တရခရိုင်/ဇေယျာသီရိခရိုင်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်နေမှုများအား ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်နွယ်နီခိုင်၊ ဇေယျာသီရိခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်ဦး၊ ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစံသူ၊ အမှတ်(၁၀၁)မူးယစ် တပ်ဖွဲ့စု(နေပြည်တော်)မှ ဒုတိယရဲမှူးထွန်းမြတ်ဦး၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာ မာမာဇင်၊ ဇေယျာသီရိခရိုင် ပညာရေးမှူး ဦးရဲသူရခင်စိုး၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ (MICC-2)၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)