မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ဒဂုံ(ဆိပ်ကမ်း)    နိုဝင်ဘာ     

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ၊နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသော  ဦးခင်မောင်မောင်၊ တိုင်းဥပဒေအရာရှိဦးဌေးအောင်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာကျော်စိုးဝင်း၊ ဦးဌေးဝင်း၊ ဦးအောင်ဖေသိန်း၊ ဦးခင်မောင်မြင့် တို့ပူးပေါင်း၍  ယမန်နေ့ နံနက်ပိုင်း  အချိန်က လိုက်လံစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်နိုင်ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးဝင်းဇော်တို့က လိုက်လံပြသပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် ယာယီမဲရုံများ ဆောက်လုပ်ပြီးစီးမှု အခြေအနေအား လိုက်လံစစ်ဆေးရာတွင် မဲရုံတစ်ရုံမှာ ရှိရမည့်နေရာ အကျယ် အဝန်း၊ အကာအရံနှင့်အမိုးများ လုံခြုံမှုရှိမရှိ၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကာလအတွင်းဖြစ်သည့်အတွက် မဲရုံများ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဆန္ဒမဲပေးနိုင်ရေး မဲရုံအဝင်ပေါက်တွင် လက်ဆေးဘေစင်များ ထားရှိပေးခြင်း၊ အပူချိန်တိုင်းတာစစ်ဆေးနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားခြင်း၊ ရေမလိုလက်သန့် ဆေးရည်များ ထားရှိပေးခြင်း၊ ပေအကွာဖြင့် စနစ်တကျ မဲပေးနိုင်ရေးအတွက် အမှတ် အသားများ ထားရှိပေးခြင်း သတ်မှတ်ရက်အတွင်း ဆန္ဒမဲပေးနိုင်ရေး စသည်တို့ စနစ်တကျ ဆောင်ရွက်ထားရှိမှုကို စစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၅၃၅၀၈)ဦး ရှိပြီး ယာယီမဲရုံ (၂၄)ရုံအပါအဝင် (၁၂၈)ရုံ ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးထံမှ သတင်းရရှိသည်။

နန်းရွှေကြည်(ပြန်/ဆက်)