တောင်ကြီးမြို့၌ အလုပ်သမားနေ့အခမ်းအနားတွင် MSMEsထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော် ကျင်းပ

တောင်ကြီး   မေ   ၁

၂၀၂၄ ခုနှစ်၊ အလုပ်သမားနေ့(May Day)အခမ်းအနားတွင် MSMEsထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲ တော်ကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

MSMEs ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

ဆက်လက်၍ မြို့တော်ခန်းမတွင် အလုပ်သမားနေ့(May Day)အခမ်းအနားကျင်းပရာ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၄ခုနှစ် အလုပ်သမားနေ့သဝဏ်လွှာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဖက်ကြားပြီး အလုပ်သမားရေးရာဆောင်ရွက်ထားရှိမှုများအား Video Click ဖြင့်ပြသ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အလုပ်သမားရေးရာလုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်းများ ခင်းကျင်းပြသထားသည့်ပြခန်းများနှင့် MSMEsပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ ကြောင်းသိရသည်။

အဆိုပါ MSMEs ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကို မေလ(၁)ရက်မှ (၃)ရက်နေ့အထိ ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် မြို့တော်ခန်းမ ဘေးပတ်လည်တွင် ညစျေးများ ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)