ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ယာယီမဲရုံများ ပြင်ဆင်‌ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ယာယီမဲရုံများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ မဲရုံစည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်မှု ရှိစေရန်၊ social distancing နှင့်အညီ ဆန္ဒမဲပေးနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာသို့ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်တို့သည် မိမိတို့တာဝန်ကျရာ ခရိုင် အတွင်းရှိ မြို့နယ်များတွင် ယာယီမဲရုံများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များ အတွင်းရှိယာယီမဲရုံများသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဌေးအောင်၊ ဦးမြင့်ဆွေ၊ ဦးတင်ရှိန်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်တို့က   ကွင်းဆင်းကြည့်ရှု စစ်ဆေးကြရာ သက်ဆိုင်ရာ မြို့နယ်များအလိုက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

ထိုသို့ရှင်းလင်းပြသခဲ့ကြရာ တိုင်း/ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်တို့က  လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်ရှေ့ပိုင်းခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည် လမ်းညွှန်ချက်များနှင့် အညီ ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)