လွိုင်လင် မေ ၁
၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့၊ ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ခရိုင်လေ့ကျင့်ရေး အားကစားရုံ ယနေ့နံနက်(၉)နာရီက လွိုင်လင်မြို့နယ် MSME လုပ်ငန်းဒေသထွက်ကုန် ပြခန်းများပြသပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ရှေးဦးစွာဒေသထွက်ကုန် ပစ္စည်းပြပွဲပြခန်းများကို ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများကို လိုက်လံကြည့်ရှုအား ပေးကြသည်။
အဆိုပါ လွိုင်လင်မြို့နယ် MSME လုပ်ငန်းဒေသထွက်ကုန်ပြပွဲ ပြခန်းများတွင် လဘက်စို၊ လဘက်ခြောက်လုပ်ငန်း၊ အိမ်တွင်းမှုစားသောက်ကုန်လုပ်ငန်း၊ ကော်ဖီ၊ ပဲပုပ်၊ ဒေသဆန်၊နှင့် မိးသားစုတစ်ပိုင်တစ်နိုင်အိုးလုပ်ငန်းများပါဝင်ပြသကြရာ ခမ်းအနားတက်ရောက်လာကြသူများမှ ဝယ်ယူကြည့်ရှုအားပေးကြကြောင်း သိရသည်။
လွိုင်လင်မိုး (ခရိုင်ပြန်/ဆက်)