လယ်ဝေး နိုဝင်ဘာ ၇
၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ မဲရုံများဆောင် ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ဝင်းနှင့်တာ ဝန်ရှိသူများက လယ်ဝေးမြို့နယ်အတွင်းရှိ အမှတ်(၇)ရပ်ကွက် အင်ဘု(အ.လ.က)ခွဲမဲရုံ၊ အ.ထ.က(၁)မဲရုံ၊ အ.ထ.က(၂)မဲရုံ၊ စံဝါအောင်း(အ.ထ.က)ခွဲမဲရုံ၊ သပြေပင်(အ.ထ.က)မဲရုံ၊ သော်မှော်ကုန်း(မူလွန်)မဲရုံ၊ ပြောင်ခေါင်းကြီး ပန်းတင်(အ.လ.က)ခွဲမဲရုံနှင့် သာဝတ္ထိ(အ.ထ. က)မဲရုံများတွင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပြည်သူများလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင် စေရန်အတွက် မဲရုံလုံခြုံရေးအခြေအနေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော အချက်အလက်များအား လိုက်နာ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှ မဲရုံ မှူးများနှင့်တာဝန်ရှိသူများက လိုအပ်ချက်ရှိသည်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လယ်ဝေးမြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၀)အုပ်စုတွင် မဲရုံ ပေါင်း(၁၄၄)ရုံထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၂၀၈၁၉)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)