ခေါင်လန်ဖူး နိုဝင်ဘာ ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မဲရုံများတွင်၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အသုံးပြုရန်ပစ္စည်းများအား သက်ဆိုင်ရာမဲရုံတာဝန်ရှိသူများထံသို့ ၂၀၂၀ ခုနှစ်၊ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခွဲဝေပေးအပ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရေး အတွက် အကာအကွယ်ပစ္စည်းများဖြစ်သည့် kN-95 Mask ၊ PPE Cover Allများ၊ Goggleများ၊ Face Mask များ၊ Boot များ၊ Surgical Glovesများကို သက်ဆိုင်ရာကျေးရွာအုပ်စုများသို့ မဲရုံအရေအတွက် အလိုက်လည်းကောင်း၊ မဲဆန္ဒရှင်ပြည်သူဦးရေအလိုက် KN-95 Mask များကိုပေးအပ်သွားမည် ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်တာဝန်ရှိသူများ၊ မဲဆန္ဒရှင် ပြည်သူများအတွက် အကာအကွယ်ပစ္စည်းများကို ပြန်လည်ခွဲဝေပေးအပ်သွားရမည်ဖြစ်ကြောင်း ခေါင်လန်ဖူးမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကို၀င်းက ပြောကြားခဲ့သည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)