တာလေမြို့၌ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးရန် လူထုဖြန့် ပျိုးပင်ပေါင်း (၁၀၀၀၀) ပျိုးထောင်ထားရှိ

တာလေ ဧပြီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးရန် လူထုဖြန့်ပျိုးပင်ပေါင်း (၁၀၀၀၀)ပျိုးထောင်ထားရှိကြောင်း မြို့သစ်တောဦးစီးဌာနမှ သိရသည်။

တာလေမြို့၊ သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေသာယာလှပစေရန်၊ သစ်တောစိုက်ပျိုးထိန်းသိမ်းရေးတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက်လာစေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို အထောက်အကူဖြစ်စေရန်နှင့် ပြည်သူ့လူထု၏ လူမှုစီးပွားဘဝ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍  ယခုနှစ် မိုးရာသီကာလတွင် လူထုဖြန့်ဝေရန် ကျွန်း(၂၀၀၀)၊ မဲဇလီ(၄၀၀၀)နှင့် မန်ဂျန်ရှား(၄၀၀၀)၊ စုစုပေါင်းပျိုးပင်(၁၀၀၀၀)ကို နားယောင်းကျေးရွာရှိ တာလေ(ယာယီ)ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိကြောင်း သစ်တောဦးစီးဌာန၊ တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)