မင်္ဂလာတောင်ညွန့် ဧပြီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (BookClub) စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာ ချစ်စံဝင်းရေးသားသည့် “အရှုံးပေါ်ကအမြတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ် (၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းများ ပြုလုပ်ခြင်း၏ ရည်ရွယ်များကို ရှင်းလင်းပြောကြား ဆွေးနွေခဲ့ပြီး (Book Club) အဖွဲ့ဝင် ဉီးအောင်နိုင်မိုးက “အရှုံးပေါ်ကအမြတ်”နှင့် “အောင်မြင်သူနှင့်ရှုံးနိမ့်သူ” ခေါင်းစဉ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများထဲမှ ဦးပြုံးမောင်မောင်နှင့် ဦးအေးမင်းစိုးတို့က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ Book Club စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)