တပ်ကုန်း ဧပြီ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် လူငယ်များစုပေါင်း၍ အယ်လ်နီညိုအပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် အယ်လ်နီညိုအကြောင်းသိကောင်းစရာများ၊ အပူဒဏ်ကာကွယ် နေထိုင်မှုပုံစံများ၊ အပူချိန်ပြင်းထန်မှုကြောင့် ဖြစ်တတ်သည့် အကြောင်းအရင်းများ၊ အရေးပေါ်ကုသခြင်းများ စသည့်အကြောင်းအရာများ ပါဝင်သော လက်ကမ်းစာစောင်များကို အောင်ဇေယျရပ်ကွက်နှင့် အနော်ရထာရပ်ကွက်အတွင်း လမ်းများတွင် ကား၊ ဆိုင်ကယ်၊ စက်ဘီးများဖြင့် ဈေးသွား၊ ဈေးပြန်များ၊ ခရီးသွားပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်