နောင်ချိုမြို့ သဖန်းကိုင်းပရဟိတဆရာတော်၏ ဦးဆောင်မှုဖြင့် အလျား ၃၀ ပေ × အနံ ၂၄ ပေအရွယ် ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်

နောင်ချို ဧပြီ ၂၉      

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတဆရာတော်၏ဦးဆောင်မှုဖြင့် ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။           

အဆိုပါကျောင်းဆောင်သစ်ကို လုံရုံးကျေးရွာအုပ်စု၊ ကုန်းစုံကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောက်လုပ်သွားမည်ဖြစ်ပြီး သဖန်းကိုင်ပရဟိတဆရာတော်၏ဦးဆောင်မှုဖြင့် အလျား ၃၀ ပေ× အနံ ၂၄ ပေအရွယ် ကျောင်းဆောင်သစ်အား ကျောင်းဖွင့်ချိန်အမှီ ဆောက်လုပ်သွားမည်ဖြစ်​ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)