တောင်ကြီးမြို့ လူရည်ချွန်အပန်းဖြေစခန်းမှ ဒသမတန်းလူရည်ချွန်မောင်မယ်များ တောင်ကြီးမြို့ရှိ ဘုရားပုထိုးစေတီများနှင့် မြို့မဈေးသို့ လေ့လာရေး သွားရောက်

တောင်ကြီး ဧပြီ ၂၉

တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်မောင်မယ်များသည် ဧပြီလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ စူဠာမုနိဘုရားအား သွားရောက်ဖူးမျှော်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး ပန်းရေချမ်းများကပ်လှူခြင်း၊ လက်ယာရစ်လှည့်လည်ဖူးမျှော်ခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နေ့လယ်စာ သုံးဆောင်ကြပြီး တောင်ကြီးမြို့၏ ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရားအား သွားရောက်ဖူးမျှော်ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ဘုရားဖူးမျှော်ခြင်း၊ ပန်းဆီမီးများကပ်လှူခြင်း၊ လက်ယာရစ်လှည့်လည်ဖူးမြှော်ခြင်း၊ ဘုရားပေါ်မှ တောင်ကြီးမြို့၏ သဘာဝအလှရှုခင်းများ ကြည့်ရှုခြင်း၊ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ တောင်ကြီးမြို့ မြို့မဈေးသို့သွားရောက်၍ ဒေသထွက်ကုန်များနှင့် အခြားစားသောက်ကုန်များ၊ လူသုံးကုန်များ ရောင်းဝယ်နေမှုကို ကြည့်ရှုလေ့လာကြပြီး အမှတ်တရအဖြစ် ဒေသထွက်ကုန်များကို ဝယ်ယူအားပေးခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဒသမတန်း လူရည်ချွန် မောင်မယ် (၁၄၀)ဦးတို့သည် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းတွင် အခြေပြု၍ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ အထင်ကရဘုရားစေတီပုထိုးများ၊ အထင်ကရနေများသို့ လှည့်လည်လေ့လာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ