မြစ်ကြီးနား ဧပြီ ၂၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade- 12) စာမေးပွဲဖြေဆိုရန်ကျန်ရှိနေသော ကျောင်းသား/ကျောင်းသူများစာမေးပွဲကို နိုင်ငံတစ်ဝှမ်းကျင်းပလျက်ရှိရာ ယနေ့ နံနက် ၉ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းရှိ ကံ့ကော်ဆောင်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုလျက်ရှိသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေမှုများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စောင့်ကြပ်ကူညီမှုဖြင့် အေးချမ်းစွာဖြေဆိုနေသည့် အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲဖြေဆိုရန် ကျန်ရှိနေသော ကျောင်းသား/သူများစာမေးပွဲသို့ ကချင်ပြည်နယ်အတွင်း ခရိုင်/မြို့နယ်များမှ ဖြေဆိုသူ(၃) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)