မက်မန်း ဧပြီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့်အဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီက မက်မန်းမြို့နယ် နမ့်တော်ကျေးရွာတွင် သွားရောက်ကွင်းဆင်းခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် နမ့်တော်ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ မီးဘေးလုံခြုံရေး၊ ကျန်းမာရေး အသိပညာရရှိရေးတို့အတွက် ဒေသခံများနှင့် တွေ့ဆုံဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
ဒေသခံများနှင့်တွေ့ဆုံဟောပြောရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက “မိမိတို့အဖွဲ့တွင် ဌာနဆိုင်ရာများ စုံလင်စွာလိုက်ပါလာပါကြောင်း၊ ဌာနဆိုင်ရာအသီးသီးက နမ့်တော်ကျေးရွာ၏ လိုအပ်ချက်များကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ကျေးရွာ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ ဘာသာရေး အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါကြောင်း” ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများက ဌာနအလိုက် ဖြည့်ဆည်းပေးနိုင်သည့်အချက်များ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တတ်ရောက်လာကြသော နမ့်တော်ကျေးရွာမှ တိုင်းရင်းသားပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များတင်ပြဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)