အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယအကြိမ်) ဖြေဆိုသည့်စာစစ်ဌာနသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ လာရောက်ကြည့်ရှုအားပေး

မန္တလေး ဧပြီ ၂၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၈၂လမ်း၊ ၂၄×၂၅ လမ်းကြားရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဒုတိယအကြိမ်ကျင်းပဆောင်ရွက်သည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှု့အားပေးကြသည်။

မန္တလေးတိုင်း‌ဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အ.ထ.က(၈)စာဖြေဌာနတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုရန်ကျန်ရှိသူ (၅၉)ဦးအနက် (၃၇)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး(မြို့တော်ဝန်) ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေ၊ ခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်း၊ အမှတ်(၂)စစ်နယ်မြေမှူး ဒုတိယဗိုလ်မှူးကြီး မောင်မောင်ငြိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ မြို့နယ်ပညာရေးမှူး ဒေါက်တာစမ်းပပကျော်နှင့် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူများကို ကြည့်ရှုအား‌ပေးကြရာ စာဖြေဌာနကြီးကြပ်ရေးမှူး ဒေါ်သန္တာချိုက လိုက်လံရှင်းလင်းပြသကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)