ပေါက်ခေါင်း ဧပြီ ၂၉
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အကောင်အထည်ဖော်နိုင်ရန်နှင့် မိုးရာသီပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံး၊ မြို့မပျိုးဥယျာဥ်တွင် ပျိုးပင်ပေါင်း (၈၀၀၀၀) ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ထိုသို့ပျိုးထောင်ထားရှိရာတွင် ကျွန်း (၆၀၀၀၀)၊ မန်ဂျန်ရှား (၁၀၀၀၀)၊ ပိတောက် (၈၅၀)၊ ပျဉ်းအတိုး (၄၀၀၀)၊ ယမနေ (၅၀၀)၊ မဟော်ဂနီ (၄၀၀)၊ ကုလားကုက္ကို (၅၀၀)၊ မယ်ဇယ် (၈၀၀)၊ တမလန်း (၃၀၀)နှင့် အခြားအရိပ်ရလေကာပင်များဖြစ်သော ကံ့ကော် (၃၅၀)၊ ရေတမာ (၆၀၀)၊ သပြေ (၄၀၀)၊ ဗန်ဒါ (၃၀၀)၊ စိန်ပန်းကြီး (၅၀၀) နှင့် ခရေ (၅၀၀) ပင်၊ စုစုပေါင်းပျိုးပင် (၈၀၀၀၀) ကို ပျိုးထောင်ထားရှိပြီး၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်တွင် စိုက်ပျိုးရန်နှင့် မိုးရာသီဇွန်လဆန်းတွင် သစ်ပင်စိုက်ပျိုးမည့် ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)