မှော်ဘီ ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့်စပ်လျဥ်း၍ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ဧပြီလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးတင်စိုးက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းလုပ်ငန်းအဖွဲ့များက လိုအပ်ချက်များကိုဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ကျေးရွာကော်မတီအဖွဲ့ဝင်များက အဖွဲ့ခွဲ၍စီမံကိန်း၏အားနည်းချက် အားသာချက်များကိုဆွေးနွေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များကို ပြန်လည်၍ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် ကျေးရွာပေါင်း(၅၀)တို့မှ ကော်မတီဝင်(၅၀)ဦးတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)