စေတုတ္တရာ ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများအား နွေရာသီကင်းထောက်(မွမ်းမံ)၊ ကြက်ခြေနီ(အဆင့်မြင့်)၊ ယဥ်ကျေးလိမ္မာ(အဆင့်မြင့်)၊ အခမ်းအနားမှူး၊ ကွန်ပျူတာသင်တန်းဆင်းပွဲကို ယမန်နေ့မွှန်းလွဲ (၂) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းစေတုတ္တရာတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်မှာစကား ပြောကြားရာတွင် သင်တန်းသား/သူ ဆရာ၊ ဆရာမများအနေဖြင့် ယခုဖွင့်လှစ်သော သင်တန်း (၅) မျိုး၏ လက်တွေ့ပို့ချမှုများအား မိမိတို့ကျောင်းနှင့် လူမှုပတ်ဝန်းကျင်တွင် အကျိုးရှိစွာ ပြန်လည်အသုံးချသွားရန် အမှာစကားပြောကြားခြင်းနှင့် မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က နွေရာသီကာလ သင်တန်း(၅)မျိုး ဖွင့်လှစ်ခဲ့မှုရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ယဉ်ကျေးလိမ္မာသင်တန်းသား/သင်တန်းသူ (၁၀) ဦးမှ ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း ကဗျာသရုပ်ဖော်တင်ဆက်ခြင်း၊ ကင်းထောက်သင်တန်းသား ဆရာများမှ ကင်းထောက်ဂုဏ်ရည်သီချင်းဖြင့် သရုပ်ဖော်တင်ဆက်ခြင်းနှင့် ကင်းထောက်သင်တန်းသား ဆရာ/ဆရာမများကကင်းထောက်များရဲ့ ရှေ့သို့ခြေလှမ်း သီချင်းဖြင့်တင်ဆက်ခဲ့သည်။ ကြက်ခြေနီသင်တန်းမှ ဆရာ/မများ၏ ကြက်ခြေနီလှုပ်ရှားမှုများ သရုပ်ဖော်တင်ဆက်ခဲ့ကြပြီး သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူးဦးသန်းမြိုင်တို့က သင်တန်းသား/သူများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါကင်းထောက်(မွမ်းမံ)၊ ကြက်ခြေနီ(အဆင့်မြင့်)၊ ယဉ်ကျေးလိမ္မာ(အဆင့်မြင့်)၊ အခမ်းအနားမှူး၊ ကွန်ပျုတာသင်တန်းများသို့ စေတုတ္တရာမြို့နယ်မှ အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ (၁၉၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)