နွားထိုးကြီးမြို့ စစ်မှုထမ်းဟောင်း မိသားစုများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများထောက်ပံ့

နွားထိုးကြီး၊ နိုဝင်ဘာ  ၆

နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကံနက်တောကျောင်းတိုက်၊ ဇေယျသုခသမ္ပတ္တိကျောင်းဆောင်၌ မိတ္ထီလာမြို့၊ လေယာဉ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ်မှူး ဗိုလ်ချုပ် ထင်လင်းက နွားထိုး ကြီးမြို့၊ မြို့နယ်စစ်ထမ်းဟောင်းမိသားစုများအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီ မိနစ်၁၀ အချိန်ကထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၊လေယာဉ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ်မှူး ဗိုလ်ချုပ်ထင်လင်းနှင့်အဖွဲ့သည် နွားထိုးကြီးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်တင်နှင့်အဖွဲ့များကို တွေ့ဆုံ၍ နွားထိုးကြီးမြို့ စစ်မှုထမ်းဟောင်း မိသားစုများနှင့် ကျဆုံးစစ်သည်များ၏ မှီခိုမိသားစုဝင်များ စုစုပေါင်း(၄၄၈)ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ထောက်ပံ့ပေးခဲ့ရာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်တင်မှာလက်ခံခဲ့ပြီး ဆန် ၇၁ အိတ် ၅ပြီ၊ ကုလားပဲ ၁၈၈.၇၆ပိဿာ၊ ဆား ၁၀၉ ပိဿာ ၁၆ကျပ်သား၊ ဆီ ၁၂၅ပိဿာ၄၄ ကျပ်သား၊ အင်အား(၄၄၈)ဦးအတွက် တစ်ဦးလျင် ဆန် (၄)ပြီ၊ ဆီ(၃၀)ကျပ်သား၊ ကုလားပဲ(၄၂)ကျပ်သား၊ဆား(၂၅)ကျပ်သားတို့ကို တစ်ဦးချင်းဆီအတွက် အိမ်အရောက် ပို့ဆောင် ထောက်ပံ့သွားမည်ဖြစ်ကြောင်းသိရသည်။

သန်းအောင်ဇော်