ကျောက်ဆည်မြို့၌ (၁၇)ကြိမ်မြောက် သိက္ခာတော်(၅၅)ဝါအထက်ရှိ ဂိုဏ်းပေါင်းစုံ ထေရ်ကြီး၊ ဝါကြီး သက်တော်ရှည် ဆရာတော်ကြီး (၂၇)ပါးအား ပူဇော်ပွဲအခမ်းအနားကျင်းပ

ကျောက်ဆည် ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက် နေလသုခဗိမ္မာန်တော်တွင် ယနေ့ နံနက်(၈)နာရီက ကျောက်ဆည်မြို့နယ်အတွင်းတွင် သီတင်းသုံးနေထိုင်တော်မူကြသော သိက္ခာတော်(၅၅)ဝါအထက်ရှိ ဂိုဏ်းပေါင်းစုံ ထေရ်ကြီး၊ ဝါကြီး သက်တော်ရှည်ဆရာတော်ကြီး(၂၇)ပါးတို့အား (၁၇)ကြိမ်မြောက် ပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး အလှူရှင်များမှ သက်တော်ရှည် ဆရာတော်ကြီးများအား ရှိခိုးပူဇော်ကန်တော့ပြီး နိုင်ငံတော်ဩဝါဒစရိယဘဒ္ဒန္တပေါမောက္ခာဘိဝံသ ဧရာဝတီပရိယတ္တိစာသင်တိုက် ဦးစီးနာယကပဓာနဆရာတော်ကြီးမှ မေတ္တာဆုပေးဩဝါဒကထာချီးမြှင့်ပြီး ကြွရောက်တော်မူလာကြကုန်သော ဆရာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော် ရွတ်ဆိုချီးမြှောက်တော်မူခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များကသက်တော်(၉၀)ကျော် သံဃာတော်(၃)ပါး၊ သက်တော်(၈၀)ကျော်သံဃာတော်(၁၁)ပါး၊ သက်တော်(၇၀)ကျော်သံဃာတော်(၁၃)ပါး စုစုပေါင်း(၂၇)ပါးအား သင်္ကန်းပရိက္ခရာနှင့်စုစုပေါင်းနဝကမ္မလှူဒါန်းရရှိငွေေ(၂၁၂၃၇၀၀၀)ကျပ်ကို လောင်းလှူခဲ့ရာ နိုင်ငံတော်ဩဝါဒစရိယဘဒ္ဒန္တပါမောက္ခာဘိဝံသ ဧရာဝတီပရိယတ္တိစာသင်တိုက် ဦးစီးနာယက ပဓာနဆရာတော်ကြီးက အနုမောဓနာတရားချီးမြှင့်ပြီး ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြောင်းသိရှိရသည်။

သက်မောင်(ကျောက်ဆည်)