ညောင်ရွှေ ဧပြီ ၂၆
ကျောင်းသားလူငယ်လေးများ အသိပညာဗဟုသုတတိုး တက်မြင့်မားလာစေရန်၊ အမှားအမှန် ဝေဖန်သုံးသပ်တတ်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အများနှင့်ပူးပေါင်းဆောင် ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြော ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ် ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က လူငယ်နှင့်ပတ်ဝန်းကျင်၊ လူငယ်နှင့်အနာဂတ်ခေါင်း ဆောင်မှုစွမ်းရည်၊ မျက်မောက်ခေတ်စိန်ခေါ်မှုများနှင့် လူစွမ်းအားအရင်းအမြစ် တိုးတက်ထွန်းကား ရေးအကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဆွေးနွေးဟောပြောချက်များအပေါ် သိရှိလိုသည်များကို တက်ရောက်လာသူများ က မေးမြန်းဆွေးနွေးကြရာ ဦးစီးအရာရှိက အသေးစိတ်ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ(ပြန်/ဆက်)