ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

ပြင်ဦးလွင် ဧပြီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသည့် ရဲ‌ဘော်အောင်ဒင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ရဲဘော်အောင်ဒင်စာအုပ်ဖတ်ရှုခြင်းဖြင့် စာပေ၏အကျိုးကျေးဇူး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးကြောင့် ဘ၀တွင် မထင်မှတ်ထားသော အောင်မြင်မှုများရရှိစေနိုင်ကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော၀န်ထမ်းများမှ မိမိတို့၏အမြင်များကို အပြန်အလှန် ဝိုင်းဝန်းဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်။

သွေးသွေး (ပြန်/ဆက်)