မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်

 

မန္တလေး ဧပြီ ၂၅

ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်၊ စာကြည့်တိုက်လုပ်ငန်းအား စံနစ်တကျစီမံခန့်ခွဲ တတ်စေရန်၊ Digital Library Management System လုပ်ငန်းများ ဆင့်ပွားတတ်မြောက်စေရန် ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က မျိုးတူစုဘာသာရပ်၊ စာကြည့်တိုက် စီမံခန့်ခွဲရေး၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှက စာကြည့်တိုက်စစ်ဆေးခြင်းနှင့်ထိန်းသိမ်းခြင်းလုပ်ငန်း၊ စာကြည့်တိုက် အောင်မြင်ရေး၊ ဒေါ်ခင်မာဦးက Digital Library Management System ဘာသာရပ်များ အကြောင်းရှင်းလင်းဆွေးနွေးသည်။

အဆိုပါသင်တန်းကို (၂)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး ခရိုင်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ(၁၆)ဦး တက်ရောက်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်