ထန်းတပင်မြို့နယ်၌ မြေပြင်လူဦးရေစာရင်းများပြည့်စုံမှန်ကန်စေရေး စိစစ်မှုလုပ်ငန်းများဆောင်ရွက်နေ

ထန်းတပင်(ရန်ကုန်) ဧပြီ ၂၅

မြေပြင်လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ဧပြီလ(၂၅)ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေခန်းမတွင် မြေပြင်လူဦးရေစာရင်းစိစစ်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြေပြင်လူဦးရေစာရင်းစိစစ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဦးစွာမြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်နိုင်ဦးက မြေပြင်လူဦးရေစာရင်းစိစစ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများမှ မြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် အသက်(၁၈)ပြည့်ပြီးသည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးကို စိစစ်ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)