မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာ ၅၀ တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

မိတ္ထီလာ  ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း ၇၅၀၀ ဖြင့် ကျေးရွာ ၅၀တွင် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေ ဦးစီးဌာနမှ သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာ လျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်သိန်း ၁၅၀ ဖြင့် ကျေးရွာ ၅၀ ရွာအတွက် ငွေကျပ်သိန်း ၇၅၀၀ဖြင့် ကျေးရွာများ၏ အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် မိတ္ထီလာမြို့နယ်တွင် ကျေးရွာ ၁၄ ရွာ ၊မလှိုင်မြို့နယ်တွင် ၁၂ ရွာ ၊ သာစည်မြို့နယ်တွင် ၁၃ ရွာနှင့် ဝမ်းတွင်းမြို့နယ်တွင် ၁၁ ရွာ တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ   ကျပ်သိန်း ၁၅၀ ဖြင့် ကျေးရွာ ၅၀ တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၇၅၀၀ကို ကျေးရွာမှ ငွေကြေးလုပ်အား အနည်းဆုံး ၃၀ ရာခိုင်နှုန်း ထည့်ငွေဖြင့် ကျေးရွာ၏ လိုအပ်ချက်များကို ဖော်ထုတ်၍ ဦးစားပေးလုပ်ငန်း အစီအစဉ်ရေးဆွဲကာ ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာသူကျေးရွာသားများ၏ ပူးပေါင်းဆောင်ရွက်တက်မှု၊ စည်းလုံး ညီညွတ်မှု၊ သဘာဝဘေးကြုံလာပါက တုန့်ပြန်မှုအား ကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာပြီး အခြေခံအဆောက်အဉီများ ဖွံ့ဖြိုးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာခြားချက် ကျဉ်းမြောင်းစေဖြစ်ပါကြောင်း ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)