တံတားဦးမြို့နယ်သို့ နည်းပညာအသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ ကြည့်ရှုလေ့လာ

တံတားဦး ဧပြီ  ၂၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာအသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်သည် ဧပြီလ(၂၃)ရက်နေ့ နေ့လယ်(၂)နာရီက တံတားဦးမြို့တွင် အခြေံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ရောက်ရှိပြီး  စက်မှုဘာသာရပ် သင်တန်းများ၏ သင်ကြားသင်ယူမှု အခြေအနေများ အထောက်အပံ့ပေးအပ်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ဆွေးနွေးပွဲကို တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှင်းလင်းဆွေးနွေးပွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်မှ နည်းပညာနှင့်သက်မွေး လေ့ကျင့်ရေးဆိုင်ရာ ရည်ရွယ်ချက်များ၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ မူဝါဒများ၊ ဦးစီးဌာနရှိ ကောလိပ်သိပ္ပံနှင့်ကျောင်းများတွင် ဖွင့်လှစ်လျက်ရှိသော ပုံမှန်သင်တန်းများနှင့် ကာလတို သက်မွေးပညာ သင်တန်းများအကြောင်းနှင့် လက်ရှိဖွင့်လှစ်ထားသော ကျောင်းများ၊ သင်တန်းအမျိုးအစားများနှင့် သင်တန်းကာလများ၊လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်ဖွင့်လှစ်မည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် တံတားဦးမြို့နယ် ပါဝင်ပါကြောင်း အကျယ်ဝင့် ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တံတားဦးခရိုင်မှ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး သန်းနိုင်ဦးနှင့် တာဝန်ရှိသူများ၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်နှင့်ဆရာ/မများ၊ ကျောင်း သား/သူများမှ မရှင်းလင်းသည်များကို ဆွေးနွေးမေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းပေးသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် တံတားဦးမြို့တွင့် တွဲဖက်ဖွင့်လှစ် သင်ကြားမည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း အဆောက်အဦသို့ သွားရောက်ကြည့်ရှုလေ့လာပြီး စာသင်ခန်းများတွင် ထားရှိရမည့် စက်မှုနည်ပညာများ၊ စာသင်ခုံများ၊ ပုံဆွဲခုံများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှုပြုခဲ့ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)