ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျောက်ဖြူ   ဧပြီ  ၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက ကျောက်ဖြူမြို့တွင် ၁၃၈၅ ခု၊ မဟာသင်္ကြန်ပွဲတော်အား အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့အတွက် အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် သက်ဆိုင်ရာကော်မတီအသီးသီးနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားရေရိက္ခာများ ဈေးနှုန်းသက် သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေး ကုန်တင်သင်္ဘောကြီးများဖြင့်  စနစ်တကျစီမံဆောင်ရွက်ပေးလျက်ရှိပြီး နယ်မြေကျော်လွန်ခရီးသွားလာကြမည့် ဝန်ထမ်းများအနေဖြင့်လည်း မလိုလားအပ်သည့် ပြဿနာဖြစ်ပွားမှုတစ်စုံတစ်ရာမရှိစေရန် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ခရီးသွားလာမည့်အကြောင်းအရာများကိုအချိန်မီတင်ပြကာ ခွင့်ပြုမိန့်ရရှိမှသာ ခရီးထွက်ခွာသွားလာကြမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနရုံးအဆောက်အဦ ပရဝုဏ်အတွင်း/အပြင်အား အမြဲသန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။ ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီးဟံစိုးမှ ပြည်သူများအေးချမ်းလုံခြုံစွာနေထိုင်နိုင်ရေး လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေ၊ စားသောက်ကုန်များ ဈေးနှုန်းကြီးမြှင့်မှုများ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄)တွင် ဆွေးနွေးဆုံးဖြတ်မည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာ ဌာနဆိုင်ရာများမှ မိမိတို့ဌာန၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)