တာချီလိတ်မြို့၌ ရေကြီးရေလျှံမှု အန္တရာယ်ကြိုတင်ကာကွယ်ရန် အလိုအလျောက်ကြိုတင် အသိပေးစက် တပ်ဆင်မည့် နေရာများအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

တာချီလိတ် ဧပြီ ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း မိုးရာသီကာလတွင် မယ်ဆိုင်ချောင်းရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားတတ်သော ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ရေကြီးရေလျှံမှု အန္တရာယ်ကြိုတင်ကာကွယ်ရန် အလိုအလျောက်ကြိုတင်အသိပေးစက် တပ်ဆင်မည့် နေရာများအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ယမန်နေ့ နံနက်ပိုင်းက 1G1-11 ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ တပ်တော်နယ်စပ်ရေးရာဌာန၊ ဒုဌာနမှူး ဗိုလ်ချုပ် ယတ္တဖူးမ်ဘွန်းယရစ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များက တာချီလိတ်မြို့ဘက်တွင် ရေကြီးရေလျှံမှု အန္တရာယ်မဖြစ်ပေါ်စေရန် အလိုအလျောက် ကြိုတင်အသိပေးစက် တပ်ဆင်မည့်နေရာများနှင့်စပ်လျဉ်း၍ အပြန်အလှန်တွေ့ဆုံနှုတ်ဆက် ဆွေးနွေးခဲ့ပြီး တာချီလိတ်မြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုများ ဖြစ်ပွားတတ်သော မိုးဖုန်း(ခ)အုပ်စု၊ ပါခုတ်၊ ဝမ်တုံ၊ လွယ်တော်ခမ်း ကျေးရွာအုပ်စုများသို့ လေ့လာရေးခရီးစဉ်အဖြစ် ဧပြီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၃ ရက်ကြာ ကွင်းဆင်းလေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း(ပြန်/ဆက်)