ငါ့သရောက်မြို့ အတွင်းရှိ ကျေးရွာများသို့ မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလှူဒါန်း

ငါ့သရောက်   ဧပြီ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ င့ါသရောက်မြို့ မီးသတ်ဦးစီးဌာန က သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာများသို့ ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ရေသယ်ယာဉ်ဖြင့် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ငါ့သရောက်မြို့ မီးသတ်ဦးစီးဌာနက သောက်သုံးရေ အခက်အခဲ ဖြစ်နေသော ရပ်ကွက်၊ ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းများသို့ မြို့မီးသတ်စခန်းမှ ဂါလံ ၁၆၀၀ ဆန့် မီးသတ်ရေယာဉ်ဖြင့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများထံ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်ဖြင့် သယ်ဆောင်ကာ စည်းကမ်းတကျ မျှဝေလှူဒါန်းပေးလျက်ရှိရာ ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ  ယနေ့ အချိန်ထိ ရပ်ကွက်၊ ကျေးရွာများသို့ (၁၈) ကြိမ် မြောက်ရှိပြီး  ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း ကြားသိရ၍ သွားရောက်ကူညီလှူဒါန်းပေးခဲ့ကြောင်း မီးသတ်ဦးစီးမှူး ဦးသန်းလှိုင်ထံမှ သိရသည်။

မြို့နယ်